ဈေးကွက်တည်ငြိမ် ကြက်/ဘဲဈေးဒိုင်ဈေးကွက်

Powered by Drupal

             ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများ လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းများသို့ ကြက်/ ဘဲများကို နေ့စဉ် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၂၇.၆.၂၀၂၂ ရက်နေ့ တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲ‌ဈေးဒိုင်သို့သွားရောက်၍ ဈေးကွက်/ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးမှလည်း ကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှလည်းကောင်း၊ ရန်ကုန်ကြက်/ဘဲဈေးဒိုင်သို့ အဆက်မပြတ်ဝင် ရောက်နေခြင်းကြောင့် ယခင်လများနည်းတူ ဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။

          ထိုသို့ ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ ပိဿာလျှင် (၉၅၀ဝိ-၁၀၀၀ဝိ) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၄၈၀ဝိ-၄၉၀ဝိ) ကျပ်၊ မွေးမြူရေးကြက် (အထီး/အမ) ၁ ပိဿာလျှင် (၄၂၀ဝိ-၄၈၀ဝိ) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (၄၀၀ဝိ-၅၅၀ဝိ) ကျပ်တို့ဖြင့် အသီးသီးရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)