ကသာမြို့တွင် ကြက်သွန်နီဈေးနှုန်း တည်ငြိမ်လျက်ရှိ

Powered by Drupal

           ကသာခရိုင်အတွင်းသို့ ယခုတစ်ပတ်အတွင်း ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် မန္တလေး၊ မုံရွာ ဘက်မှ (၃၅)ပိဿာပါ အိတ် (၁၀၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ် (၁၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း ကြက်သွန်နီရောင်းချသူကုန်သည်များထံမှ သိရှိရသည်။

          ယခုတစ်ပတ် ကသာမြို့အတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊အလတ်၊ အသေးပေါ်မူတည်၍ (၂၀၀၀၊ ၁၇၀၀၊ ၁၅၀၀)ကျပ်ခန့်ရှိပြီး လက်လီ တစ်ပိဿာလျှင် အကြီး (၂၃၀၀) ကျပ် ၊အလတ်( ၂၀၀၀)နှင့် ၊ အသေး (၁၇၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကာ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းမှာ ပြောင်းလဲမှု မရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  ( စစ်ကိုင်း )