ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ တိုင်ကြားသူတစ်ဦးက “ * * * * ” Co.,Ltd ထံမှ “ * * * ” အမှတ်တံဆိပ် DX7 Model 1R-2744 (LDNACNFC 1K01775356) မော်တော် ယာဉ် အသစ်တစ်စီးအား ၁၃-၁-၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက်(၈)လခန့် အကြာတွင် အင်ဂျင်အဖုံး (Bonnet)၌ မူလအရောင်ပျက်ပြယ်၍ ဆေးချို့ယွင်းမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် “ * * * * ” Co.,Ltd ၏ Show Room သို့ ပြန်လည်ပြသရာတွင် တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိပါသဖြင့် MCU မှတစ််ဆင့် တိုင်ကြားလာမှုအပေါ် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ Technical Point of View အရ ကူညီစစ်ဆေး ဆောင်ရွက်ပေးပါရန် အကြောင်းကြားဆောင်ရွက်ခဲ့ရာ “ * * * * ” Co.,Ltd မှ စက်ရုံပိုင်း ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများမှ စစ်ဆေးချက်အရ “ * * * * ” Co.,Ltd က ဆေးပြုပြင်ထားသည့် အင်ဂျင်အဖုံး Bonnet အစား အင်ဂျင်အဖုံး အသစ်အားပြန်လည်လဲလှယ် ဆောင်ရွက်ပေးခဲ့ပါကြောင်း ၁-၆-၂၀၂၂ ရက်နေ့တွင် အကြောင်းပြန်ကြားလာသည့်အတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူများထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုအား ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။
ရောင်းချပြီးနောက်အာမခံပေးခြင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ
Powered by Drupal