ဖောင်းပြင်မြို့နယ်၏ ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု အခြေအနေ

Powered by Drupal

               ဖောင်းပြင်မြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကလုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ စိုက်ပျိုးရေးအနေဖြင့် မိုးစပါး၊ မြေပဲ၊ မြေထောက်ပဲ၊ မတ်ပဲ၊ ပြောင်းစသည့် သီးနှံများကို အဓိကစိုက်ပျိုးပြီး ဈေးကွက်အနေဖြင့် မုံရွာ၊ မန္တလေးပွဲရုံများနှင့် ဒေသတွင်း အထက်ချင်းတွင်းရွှေမှော်များသို့ ဖြန့်ဖြူးရောင်းချလျက် ရှိကြပါသည်။

                  ဈေးနှုန်းများအနေဖြင့် မိုးစပါး ( ၁၆ ) ပြည် တစ်တင်းလျှင် စပါးအမျိုး အစားပေါ်  မူတည်၍  (၆၀၀၀ - ၈၀၀၀ ) ကျပ်ခန့် ဈေးနှုန်းဖြင့် ရောင်းဝယ်မှု ပြုလုပ်ကြပြီး နွေစပါး ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၅၅၀၀ - ၆၀၀၀ ) ကျပ်ခန့်သာ ရောင်းချရလျက်ရှိပြီး မြေပဲလုံးဆန် ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၆၀၀၀၀ ) ကျပ်၊ မြေတောက်ပဲ ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၄၀၀၀၀ ) ကျပ်၊ စားတော်ပဲ ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၄၀၀၀၀ ) ကျပ်၊ မတ်ပဲ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၄၅၀၀၀ ) ကျပ်၊ ပြောင်းဆံ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၅၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများ ရှိပါကြောင်း သိရှိရပါသည်။

                   မွေးမြူရေးလုပ်ငန်းများအနေဖြင့် အသားတိုး ကြက်နှင့် အသားတိုးဝက်များကိုသာ မွေးမြူကြပြီး အသားတိုးကြက် ပေါက်ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် ( ၁၂၀၀၀ ) ကျပ်၊ ဝက်သားတစ်ပိဿာလျင် ( ၁၄၀၀၀) ကျပ်နှင့် ဒေသတွင်း ရောင်းချမှုများရှိပါကြောင်း သိရှိရပါသည်။

ဖောင်းပြင်မြို့နယ်မှ ထွက်ရှိသော စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ အသားတိုးကြက်နှင့် အသားတိုးဝက်များကို အထက်ချင်းတွင်း ရွှေမှော်များဖြစ်သည့် ဆယ်ဇင်း၊ ဟောင်ပါး၊ ခန္တီး၊ နမ့်တော ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)