ပြည်ကုန်စည်ဒိုင် ယခင်လနှင့် ယခုလ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

            ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲများ၏ ယခင်လ၊ ယခုဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို နှိုင်းယှဉ်လေ့လာသိရှိရပါသည်။

မတ်ပဲ

          ပြည်ကုန်စည်ဒိုင်၏ မေလပထမပတ်မှာ မတ်ပဲ ပိဿာ၂၀ဝင် တစ်တင်းကို ၄၇၆၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဒုတိယပတ်မှာ မတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၄၈၀၀၀-၄၈၅၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ မေလတတိယပတ်မှာ မတ်ပဲဈေးကျပြီး ပိဿာ ၂၀ဝင်တစ်တင်းကို ၄၆၇၀၀-၄၇၀၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပြီး မေလ စတုတ္ထပတ်မှာ မတ်ပဲတစ်တင်းကို ၄၇၂၀၀-၄၇၃၀၀-၄၇၅၀၀ကျပ်ဖြင့် လှောင်သမားများနှင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့်အဝယ်ရှိပါသည်။ ဇွန်လပထမပတ်တွင် မတ်ပဲဈေး တက်လာပြီး မတ်ပဲတစ်တင်းကို ၄၈၀၀၀-၄၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် ရန်ကုန်ဝယ်လက်ရှိပါသည်။ ဇွန်လဒုတိယပတ်တွင် ပဲဈေးထပ်တက်လာပြီး မတ်ပဲတစ်တင်းကို ၄၉၀၀၀-၄၉၅၀၀-၄၉၇၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့်သာ အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်မှာ ပဲတစ်တင်းကို ၅၂၅၀၀-၅၂၇၀၀-၅၃၀၀၀ကျပ်ဖြင့် တစ်ခါတစ်ရံမှသာအရောင်းအဝယ်ဖြစ်ပြီး အဝယ်အေးလျှက်ရှိပါသည်။ ဇွန်လစတုတ္ထပတ်မှာ ပဲတစ်တင်းကို ၅၃၅၀၀-၅၄၀၀၀ကျပ်ဈေးဖြင့် တစ်ရက်ကို အိတ် ၁၀၀/၁၅၀ခန့်သာ ရန်ကုန်သို့ တင်ပို့မှုရှိခဲ့ပါသည်။

ကုလားပဲ

          မေလပထမပတ်တွင် ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၅၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၆၀၀၀-၄၆၅၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိပါသည်။ မေလဒုတိယပတ်မှာ ကုလားပဲ (ဟော်လန်) တစ်တင်းကို ၄၆၅၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၀၀၀-၄၈၅၀၀ ကျပ်ဖြင့်ဈေးတက်လာခဲ့ပြီး မြို့တွင်းအဝယ်လည်းသွက်ခဲ့ပါသည်။ မေလတတိယပတ်မှာ ကုလားပဲ (ဟော်လန်) တစ်တင်းကို ၄၆၅၀၀-၄၇၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၅၀၀-၄၈၈၀၀-၄၉၀၀၀ ကျပ်ဖြင့် ဈေးပိုတက်ခဲ့ပြီး ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၄၀၀/၅၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ မေလ နောက်ဆုံးပတ်မှာတော့ ကုလားပဲ (ဟော်လန်) တစ်တင်းကို ၄၈၃၀၀-၄၈၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၄၉၅၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ ပထမပတ်တွင် ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၇၀၀၀-၄၇၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၄၈၅၀၀-၄၉၀၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ ဇွန်ဒုတိယပတ်မှာ ကုလားပဲ (ဟော်လန်) တစ်တင်းကို ၄၉၀၀၀-၄၉၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၀၀၀၀-၅၅၀၀၀ကျပ် ထိဈေးတက်လာခဲ့ပြီး တတိယပတ်မှာတော့ ကုလားပဲဟော်လန် တစ်တင်းကို ၄၉၅၀၀-၅၀၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၀၅၀၀-၅၀၇၀၀ကျပ်ဖြင့် မြို့တွင်းဝယ်လက်နှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် ကုလားပဲ (ဟော်လန်) တစ်တင်းကို ၅၀၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၁၀၀၀-၅၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ပဲစင်းငုံ

          ပြည်ကုန်စည်ဒိုင်တွင် ပဲစင်းငုံတစ်တင်းကို ၄၄၀၀၀ကျပ်ဖြင့် အဝယ်ရှိပြီး၊ မေဒုတိယပတ်တွင် ၄၄၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး အဝယ်တစ်ရက်ကို အိတ်၁၀၀/၂၀၀ခန့်သာ အဝယ်ရှိခဲ့ပါသည်။ မေတတိယပတ်နှင့် စတုတ္ထပတ်မှာ ပဲစင်းငုံတစ်တင်းကို ၄၄၀၀၀-၄၄၅၀၀ကျပ်ဖြင့် အဝယ် တစ်ခါတစ်ရံမှသာဖြစ်ပြီး ဈေးမှာလည်းအေးနေပါသည်။ ဇွန်လမှာတော့ ပြည်ကုန်စည်ဒိုင်မှာ ပဲစင်းငုံအရောင်းအဝယ်မရှိကြောင်း သိရပါသည်။

ဘိုကိတ်

          မေလပထမပတ်တွင် ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိပါသည်။ မေလဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် အဝယ်ရှိပြီး တတိယပတ်နှင့် နောက်ဆုံးပတ်မှာ ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ ဇွန်လပထမပတ်၊ ဒုတိယပတ်နှင့် တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး ဇွန်လစတုတ္ထပတ်တွင် ဘိုကိတ်ပဲဈေးအနည်းငယ်တက်လာပြီး ပဲတစ်တင်းကို ၃၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ယခုလပဲဈေးများသည် ယခင်လကထက်တက်နေပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ယခုလအရောင်းအဝယ်ဖြစ်မှုက ပိုကောင်းခဲ့ပါသည်။ မတ်ပဲဈေးတက်နေရခြင်းမှာ အိန္ဒိယမှပဲဈေးတက်နေရခြင်းကြောင့်ဖြစ်ပြီး ဇွန်လ စတုတ္ထပတ်တွင် ကုလားပဲ ဈေးတက်နေပြီး ဘိုကိတ်ဈေးမှာ အတက်အကျသိပ်မရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)