ကသာ အာလူးနှင့် ချင်း ဈေးနှုန်း

Powered by Drupal

            ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ ချင်း ၁၀ပိဿာ အိတ် တစ်ပါတ်လျှင် အိတ်(၂၀၀)မှ (၃၀၀) ခန့်ထိ ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ချင်းလက်ကား တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ်၊ လက်လီဈေးမှာ ၁၆၀၀ ကျပ်မှ ၁၈၀၀ကျပ်သာရှိခဲ့ပြီး ယခုအပတ် လက်ကားဈေးမှာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ လက်လီဈေးနှုန်းမှာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြစ်သဖြင့် ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ် မြှင့်တက်လာကြောင်း ချင်းရောင်းဝယ်သူ တစ်ဦးထံမှ သိရှိရပါသည်။

          ကသာမြို့ပေါ်ရှိ ဈေးနှင့် ကုန်စုံဆိုင်များသို့ အာလူးဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး-မုံရွာဘက်မှ ပိသာ(၃၀)ပါ အိတ်(၁၀၀)ခန့် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်လီ တစ်ပိဿာလျှင် အာလူး အကြီး/အသေးပေါ်မူတည်၍ (၂၄၀၀)ကျပ်မှ (၂၇၀၀)ကျပ်၊ လက်ကား ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၄၀၀)ကျပ်ထိ ရောင်းချလျက်ရှိပြီး ဇူလိုင်လ ပထမပတ်အတွင်း ကသာမြို့ဈေးအတွင်း ရောင်းချလျက်ရှိသော အာလူးဈေးနှုန်းမှာ ယခင်တစ်ပတ်ထက်  တစ်ပိသာလျှင်(၁၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ်ကျလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)