ဗန်းမော်မြို့မှ နာနတ်သီး ဈေးကွက်

Powered by Drupal

             ယခုအချိန် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် နာနတ်သီးများလှိုင်လှိုင်ပေါ်ထွက်နေသည့်အတွက် ဗန်းမော်မြို့ရှိ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိနေပြီ ဖြစ်ပါသည်။ ယခင်နှစ်တွင် နာနတ်သီး ဈေးကွက်မှာ ကိုဗစ်-၁၉ရောဂါအခြေအနေကြောင့် အရောင်းအဝယ်များမကောင်းသဖြင့် နာနတ်သီး စိုက်တောင်သူများ အရှုံးပေါ်ခဲ့ရပြီး ယခုနှစ်ရာသီပေါ်စတွင် နာနတ်သီးများဈေးကောင်းရလျက်ရှိနေ ပါသည်။ နာနတ်သီးများကို ဗန်းမော်မြို့နယ်ရှိ ကျေးရွာများတွင်အများဆုံးစိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော နာနတ်သီးများကို ဗန်းမော်မြို့၊ စည်ပင်သာယာဈေး၊ ကမ်းနားလမ်းဈေးများ၊ မိုးမလင်း ဈေးများတွင် သုံးဘီးများ၊ ထော်လာဂျီများဖြင့် သယ်ယူကာ စည်ကားစွာရောင်းချလျှက်ရှိပါသည်။ နာနတ်သီးများသည် အလှူမင်္ဂလာပွဲများတွင် အချိုပွဲများ၊ ဒေသတွင်းစားသုံးရန် နာနတ်သီးယိုများ၊ နာနတ်ဝိုင်များအဖြစ် လူကြိုက်များသောသီးနှံဖြစ်သည့်အတွက် တစ်လုံးလျှင်(၅၀၀)ကျပ်မှ (၇၀၀)ကျပ် အထိ အလုံးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းရရှိသည့်အပြင် မန္တလေးသစ်သီးပွဲရုံသို့လည်း တင်ပို့ရောင်းချရသောကြောင့် နာနတ်သီးစိုက်ပျိုးထုတ်လုပ်သူများ အကျိုးအမြတ်ရရှိလျှက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ကချင်)