ဟင်္သာတမြို့စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံဦးမိုးကျော်သည် ၂၀၂၂ ခုနှစ် ဇူလိုင် လ ၅ ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် လမ်းမတော်လမ်း၊ အ-ထ-က(၁)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၄၀၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ် ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြေငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေ၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် ပုဒ်မ(၁၉)တွင်ပါရှိသော အချက်(၈) ချက်များအကြောင်း၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်းသိရှိရပါ သည်။

DOCA(ဧရာဝတီ)