(၇.၇.၂၀၂၂)ရက်နေ့၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် လ ()ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသောက်ကုန် အရောင်းဆိုင်များ၌ ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိ (ကျော်ဆန်းမင်း၊ ဦးအောင်ဌေး၊ ဦးခွန်သန်းတင်၊ ဦးအုန်းဖေလေး၊ ကိုစိုးမင်း၊ ဖိုးဝ၊ ကယောလေး၊ မေသဇင်၊ ကိုဇော်ထက်) အမည်ရှိ  စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်(၉)ဆိုင်အား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး  စားအုန်းဆီ များ တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရ သည့် စားအုန်းဆီများကိုသာ ရောင်းချကြရန်၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက (၂၀.၁၂.၂၀၂၁) ရက်နေ့ တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တွင် ဖော်ပြထားသည့် (ပင်ရင်းပါဝင်ပစ္စည်း ကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်။ ဥပမာ-ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ) ဟုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် စားအုန်းဆီ) ဟုလည်းကောင်း ဖော်ပြပြီး၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေး ချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း  ရှင်းလင်း အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)