မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးတို့သည် (၇.၇.၂၀၂၂)ရက်နေ့ နေ့လည်(၁၄:၃၀)နာရီအချိန်က မြိုပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန် စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်နေကြောင်း စက်သုံးဆီ၊ ဆီ သယ်ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်း လုပ်ငန်းရှင်များအနေ ဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများအား တင်သွင်းဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမို ရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ရောင်းချကြရန်အတွက် စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)