ဖြူးမြို့တွင် ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်းသည့် Gano အမှတ်တံဆိပ် ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန ၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၄ ရက်နေ့ ၊ နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများတွင် ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းသည့် Gano အမှတ်တံဆိပ် စားသောက်ကုန်များ ရောင်းချမှု ရှိ /မရှိကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကုန်စုံဆိုင်ကြီးများတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်စားသောက်ကုန်များ ‌ရောင်းချမှုမရှိကြောင်း တွေ့ရှိရသည့်အတွက် ဖြူးမြို့နယ် တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အရည်အသွေးမီ ကုန်ပစ္စည်းများရောင်းချရေးနှင့် စားသုံးသူ ကာကွယ်ရေး အခန်း (၁၈) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အကြောင်းအရာများကို လည်းကောင်း ၊ စားသုံးသူ ရေးရာ ဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည်ဟု ယူဆရသောကုန်စည်များ ပပျောက်နိုင်ရေးအတွက် မိမိဌာနရှိ စစ်ဆေးရေး အရာရှိများမှ အပတ်စဉ် ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)