ပြည့်ဖြိုးကြွယ်ဆန်စက်၏ စပါးခွံလောင်စာတောင့်လုပ်ငန်း ဈေးကွက်ရ

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၇.၂၀၂၂)နေ့တွင် မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုး၏ စပါးခွံ လောင်စာတောင့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပြည့်ဖြိုးကြွယ်ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုးက ဆန်စက် လုပ်ငန်းမှ ထွက်ရှိလာသော စပါးခွံများသည် စွန့်ပစ်ပစ္စည်း မဖြစ်စေရန်အတွက် ရန်ကုန်ဘုရင့်နောင် ရှိ မျိုးမြတ်မွန် ကုမ္ပဏီလီမီတက် (ပြည်တွင်းပြည်ပ) မှထုတ်လုပ်သော စက်တစ်လုံးလျှင် သိန်း(၅၀) ခန့်ရှိသည့် စပါးခွံလောင်စာတောင့်စက်ဖြင့် စပါးခွံ (၂)တင်း တစ်အိတ် လောင်းထည့်လျှင် စပါးခွံ လောင်စာတောင့် (၄)ပိဿာခန့်ထွက်ရှိသည်။ စက်(၄)လုံးဖြင့် (၂၄)နာရီ တစ်ရက်လျှင် အချိန်ပိဿာ (၂၀)၊ အိတ်(၃၀၀)ခန့် ထွက်ရှိပြီး ပိဿာချိန်(၂၀) တစ်အိတ်လျှင် (၃၀၀၀)ကျပ်ဖြင့် ဖျာပုံမြို့၊ ပင်လယ်ရေလမ်းကြောင်းနှင့် မြန်အောင်မြို့ရှိ ရေနံချက်ဖိုများသို့ တင်ပို့ရောင်းချရပြီး ဈေးကွက် ဝယ်လိုအား ရရှိနေသော လုပ်ငန်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)