စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၈.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ပရိက္ခရာလမ်း၊ ဧရာဝတီဘဏ်တွင် ဘဏ်လုပ်ငန်းရှင်နှင့် ဘဏ်ဝန်ထမ်း (၂၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်က စားသုံးသူကာကွယ် ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေတွင်ပါရှိသော အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအ ကြောင်း၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများအကြောင်း၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂) ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင်ဝင်ရောက် လေ့လာနိုင်ကြောင်း  စသည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)