![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ကရင်ပြောင်း.jpg?itok=mM7QHwi0)
အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြည်တွင်းမှ အစေ့ထုတ်ပြောင်းများ နေ့စဉ်ပုံမှန်အတိုင်း ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
ယခင် ဇူလိုင်လ ကုန်သွယ်မှုဆိုင်ရာ မူဝါဒအပြောင်းအလဲများကြောင့် ကရင်ပြည်နယ်အတွင်း ပြောင်းဆန်ဝင်ရောက်မှု လျော့နည်းခဲ့ကြောင်းနှင့် ၂၀၂၂ ဇူလိုင်လဆန်းမှစ၍ ပုံမှန်အတိုင်း ပြန်လည် ဝင်ရောက်လျက်ရှိနေကာ ၅-၇-၂၀၂၂ မှ ၁၂-၇-၂၀၂၂ နေ့အထိ ယာဉ် (၃၈၁) စီးနှင့် ပြောင်းတန်ချိန် (၁၁၄၀၀) ဝင်ရောက်ခဲ့ပြီး ယခင် (၁)ပိဿာလျှင် (၁၀၂၄/-) ကျပ်မှ ယခုအခါ (၉၉၂/-) ကျပ်ခန့်သို့ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရပါသည်။
DOCA(ကရင်)