ကျုံဒိုးမြို့ အခြေခံပညာ(အ-ထ-က) ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တာဝန်ခံ ဦးသက်လွင်သည်   ၁၃-၇-၂၀၂၂ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ / ဆရာမ၊ ကျောင်းကျန်းမာရေးကော်မတီ၊ကျောင်းအကျိုးတော်ဆောင်နှင့်ရပ်ကျေးအဖွဲ့ဝင်တို့ပူးပေါင်း၍ အမှတ်(၄) ရပ်ကွက်၊ အခြေခံပညာ(အ-ထ-က) ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက် အချိုရည်များနှင့် မုန့်မျိုးစုံတို့ ရောင်းချလျက်ရှိသော ဆိုင်များရှိ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချမှုရှိစေရေးအတွက် သက်တမ်းလွန် အစားအသောက်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ တို့ကို စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဉပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိ ပေးချက်နှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ သတ်မှတ်ထောက်ခံချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ၊ တွဲလျက်ဖော်ပြပေးရမည် ဖြစ်ပြီး စားသုံးသူများ ဘေးဉပါဒ်အန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမူရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂-၂၀၂၃ ကျောင်းဖွင့်ရာသီအတွင်း ကျောင်းမုန့်ဈေးတန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)