ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈.၇.၂၀၂၂)နေ့ နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချသောအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းမှန်ကန်စွာရောင်းချမှု ရှိ/မရှိ ၊  အချိန် အတွယ်မှန်ကန်မှု့ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ပန်းတောင်းမြို့ပေါ်တွင် လက်ရှိ စက်သုံးဆီ ရောင်းချနေသောအရောင်းဆိုင် (၁၀)ဆိုင်ရှိရာ တိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်အရ စက်သုံးဆီဈေးနှုန်းများမြင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရည်ညွှန်း သတ်မှတ်ဈေးအတိုင်း ရောင်းချမှုရှိခြင်း၊ အချိန်အတွယ်မှန်ကန်စွာရောင်းချနေမှုရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

DOCA(ပဲခူး)