ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းတွင် နွေစပါး စိုက်ဧက (၈၀၆၉၆)ဧကရှိရာ အားလုံး ရိတ်သိမ်းပြီးစီးပြီး ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး စာရင်းဇယားများအရ သိရှိရပါသည်။ ယခုနှစ်တွင် မိုးစပါး စိုက်ဧက (၆၇၄၄၂၆) စိုက်ပျိုးရန် လျာထားလျက်ရှိပြီး ရေတော်မိုးတော်ကွင်း စိုက်ဧက ( ၅၃၉၈၀၃) ၊ ရေကြီးကွင်း (၅၇၂၉၂) ဧက ၊ ရေနက်ကွင်း (၄၄၈၃၃) ဧက ၊ သဲဆန်ကုန်းကြောကွင်း (၂၆၉၁၉) ဧက စသည်ဖြင့် ရေမြေသဘာဝအလိုက် ခရိုင်ချုပ်စိုက်ပျိုးပြီးစီးမှု စုစုပေါင်း (၆၆၈၈၄၇) စိုက်ပျိုး ပြီးစီးကြောင်း သိရှိရပါသည်။
သာယာဝတီခရိုင်တွင် အဓိကထား စိုက်ပျိုးထားသော စပါးမျိုးများအနက် မနောသုခ ၊ ဆင်းသုခ၊ ကရင်မထိပ်စောင်း စပါးမျိုးများကို အများဆုံး စိုက်ပျိုးလေ့ရှိပါသည်။ တောင်ပျံမွှေး စပါးမျိုးများကို နတ်တလင်းမြို့နယ်တွင်သာ စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးမှု နည်းစနစ်မှ ကြဲခင်းစနစ်ကိုသာ အများဆုံး စိုက်ပျိုးကြပြီး ပျိုးထောင်၍ စိုက်ပျိုးရသော ကောက်စိုက်စနစ်ကို စိုက်ပျိုးခြင်း နည်းပါးကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)