လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရွေးနဒီရေပေါ်ဈေးရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်  အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၃.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀;၀၀)နာရီတွင်  လပွတ္တာမြို့နယ်၊ ရွေးနဒီရေပေါ်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့ ရွေးနဒီရေပေါ်ဈေးတွင် ရောင်းချနေသော ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင် မြန်မာဘသာဖြင့််ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှုရှိမရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)