ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေး ဟောပြော

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၇.၂၀၂၂) နံနက် (၁၁:၀၀)နာရီတွင် ပေါင်းတည်မြို့ ၊ ဆင်လူးကျေးရွာအုပ်စု၊ ရုံးလှကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု တိုးတက် မြင့်မားရေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာအုပ်စု၊ ရုံးလှကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆွေးနွေးပွဲသို့ တောင်သူ(၃၀)ဦးတက်ရောက်ပြီး၊ မိတ်ဖက်ဌာန များဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ မြို့နယ် ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာန နှင့် သမဝါယမဦးစီးဌာနတို့တက်ရောက်ပြီး မိမိတို့နှင့်သက်ဆိုင်သည်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းမှ ဆွေးနွေး ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူများ ရသင့်သည့် အခွင့်အရေးများအကြောင်းများကို ဟောပြော ဆွေးနွေး သွားသလို ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်ရေရရှိသောနေရာများတွင် တစ်နှစ် (၂)သီးစိုက်ပျိုးရာမှ (၃)သီးစိုက်ပျိုးလျှင် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ဆီဖူလှုံရန်အတွက် နှမ်း၊ မြေပဲ၊ နေကြာသီးနှံများကို ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၏ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)