အုတ်တွင်းမြို့နယ် မူ/လွန်၊ ကြို့ကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများ သည် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာ ဦးဆောင်သော ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်း မြို့နယ် ကြို့ကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သော အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။

              ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများ၊ ဈေးကွက်အတွင်း ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုသင့်သည့် အကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်ခင်ခင်မာက စာဖတ်ခြင်းအကျိုးကျေးဇူးများကိုလည်းကောင်း အကျယ်တဝင့် ဟောပြောကြပါသည်။

              ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၆ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)