ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

           ၂၆.၅.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်-စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား ဈေးစည်ပင်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကား ရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ ရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့် ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီများရှိ/မရှိ စစ်ဆေးခဲ့ကြရာစျေးကွက်အတွင်း ရောင်းချနေသောဆီများသည် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း  သိရှိရပါသည်။

 DOCA(ရန်ကုန်)