ပြည်ပဲတီစိမ်းသစ်များ အရည်အသွေးလိုက်၍ ဈေးကောင်းရ

Powered by Drupal

          ပြည်ပဲဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇူလိုင်လဆန်းရက်မှစ၍ ဝင်ရောက်လာခဲ့ရာ ယခုအချိန်ထိနေ့စဉ် ဝင်ရောက်မှုတဖြည်းဖြည်းများလာပြီး ပြည်အနီးတဝိုက် မင်းတုန်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း ဒေသများမှ ဝင်ရောက်လာခဲ့ကြောင်း သိရှိရပါသည်။ ပဲတီစိမ်းသစ်ဈေးမှာ ပဲအရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၄၆၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ကြပြီး ရိုးရိုးတစ်တင်း ၄၆၀၀၀ကျပ်၊ ထိပ်စတစ်တင်း ၄၇၀၀၀ကျပ်ဖြင့် အသီးသီးရောင်းဝယ်လျှက်ရှိရာ မန္တလေးလိုင်းသမားများ အဓိကထား ဝယ်ယူမှုရှိခဲ့ကြပါသည်။ ယခုနှစ်မိုးပဲတီစိမ်းဝင်ရောက်မှုစော ခဲ့သောကြောင့် ဇူလိုင်လအတွင်း နေ့စဉ်ဝင်ရောက်လျှက်ရှိနေသလို လကုန်ပတ်၊ ဩဂုတ်လဆန်းပိုင်း များတွင် ပဲအထွက်လှိုင်ချိန် ပဲဝင်ရောက်မှု ပိုများလာနိုင်သည်ဟု သိရှိရပါသည်။ ယခင်နှစ်က ဇူလိုင်လအတွင်း ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ ဩဂုတ်လ ဆန်းပိုင်းမှသာ ဝင်ရောက်ခဲ့ကာ ပဲတစ်တင်း ၃၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခုနှစ် ပဲတီစိမ်းသစ်ဈေးမှာ ပဲသစ်ပေါ်စ အချိန်ကတည်းက ဈေးကောင်းရနေသော ပဲသီးနှံ ဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)