ပြည်နာနတ်သီးအရောင်းသွက်နေပြီး နွေစပါးဈေး ဆက်လက်မြင့်တက်

Powered by Drupal

           နာနတ်သီးများကို ပြည်မြို့စည်ပင်သာယာဈေးကြီးသို့ ပြည်မြို့ အနီးအနားရှိ မြို့နယ်များနှင့် မန္တလေး မြို့ဘက်မှ  တင်ပို့ရောင်းချလျှက်ရှိပါသည်။  နာနတ်သီးများအဝင်လှိုင်လာသည့်အတွက် စားသုံးသူများ အနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးကြသလို ရောင်းချသူများအနေဖြင့်လည်း အရောင်း အဝယ် သွက်လျှက်ရှိပါသည်။ နာနတ်သီးဈေးနှုန်းများမှာ အလုံးအကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားလျှက်ရှိပါသည်။ နာနတ်သီးအလုံးကြီး တစ်လုံးလျှင် ၁၅၀၀-၂၀၀၀ကျပ်၊ အလတ် တစ်လုံးလျှင် ၁၀၀၀-၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၅၀၀-၁၀၀၀ကျပ်ဈေးများဖြင့် ပြည်ဒေသရှိ ဈေးများတွင် ရောင်းချလျှက်ရှိပါသည်။

          ပြည်ခရိုင်အတွင်း နွေစပါးဈေးမှာ ယခင်ဇွန်လနောက်ဆုံးပတ်တွင် တင်း၁၀၀လျှင် ၇၅၀၀၀၀ ကျပ်ရှိခဲ့ရာ ယခုဇူလိုင်လဒုတိယပတ်မှာဖြင့် ပြည်မြို့နယ်တွင် စပါးတင်း၁၀၀လျှင် ၇၇၀၀၀ကျပ်၊ ပေါက်ခေါင်း မြို့နယ်တွင် ၇၅၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ၇၆၀၀၀၀ကျပ်ဈေးဖြင့် မြင့်တက် လာခဲ့ပါသည်။ ဆန်ဈေးမှာ ယခင်အတိုင်း မြင့်တက်ခြင်းမရှိဘဲ ဈေးငြိမ်နေခဲ့ပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းသာ အရောင်းအဝယ်ရှိပြီး စပါးဈေးသာမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)