ပြည်မြို့နယ်အတွင်း စားသုံးသူများအား အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် တစ်လလျှင် ကျေးရွာ (၁၀)ရွာရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်လုပ်မှုမြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို လစဉ် ဆောင်ရွက်လျှက်ရှိပါသည်။

       ပြည်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့နှင့်အတူ (၁၁.၇.၂၀၂၂) နေ့တွင် သူဌေးကျေးရွာအုပ်စု၊ သူဌေးကျေးရွာနှင့် လှည်းသေကျေးရွာများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခဲ့ပါသည်။

      ဆွေးနွေးပွဲသို့ သူဌေးကျေးရွာနှင့် လှည်းသေကျေးရွာတို့မှ တောင်သူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသလို စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းကလည်း ဌာန၏လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှု နှင့် ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင် (CICC)ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်ပေးနေမှုအခြေအနေများ ဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)