သာယာဝတီမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ်ရှိ စည်ပင်သာယာဈေးအတွင်း အပြင်ဘက်တန်းရှိ ကုန်စုံဆိုင်များသို့ သာယာဝတီခရိုင် စားသုံးသူရောရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ ခရိုင် စားသုံး/ထုတ်လုံ တာဝန်ခံ၊ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် ဝန်ထမ်း ဦးမျိုးမင်းစိုး၊ ဈေးကော်မတီဝင်များ မြို့နယ်ကျန်းမာရေးမှူး ဒေါ်ဟေမန်စိုး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဒေါ်မာလာခင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် (၁၁.၇.၂၀၂၂) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက်အရ စားသုံးဆီအမျိုးမျိုးအပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ တွဲလျှက်ဖော်ပြခြင်း ရှိ/မရှိ တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် လိုက်နာဆောင်ရွက်မှုရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)