မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများ Talk Show အောင်မြင်စွာကျင်ပပြီးစီး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅.၇.၂၀၂၂)နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commumity Center ခန်းမတွင် Talk Show အစီ အစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေစိုးမှ စတင်၍ မိတ်ဆက်၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးမှ စားသုံးသူရေးရာဦးစီးဌာန ၏ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများနှင့် မိတ်ဆက်စကားစတင်ပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရျင်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ လုပ်ငန်းတာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပြစ်မှုနှင့် ပြစ်ဒါဏ်များအကြောင်းကို စားသုံးသူများနှင့် လုပ်ငန်းရှင်ပြည်သူများ သိရှိအောင် ဝေမျှဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)