မိုးညှင်းမြို့ရှိအလှကုန်ပစ္စည်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့်ဝန်ထမ်းများသည် ၂၀.၇.၂၀၂၂ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်ပူးပေါင်း၍ မိုးညှင်းမြို့၊စည်ပင်သာယာဈေး(၁)အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်(၈)ဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများကိုဘေးအန္တရာယ် ကင်းရှင်း ၍ အာမခံချက်ပေးနိုင်သောကုန်စည်များ ရောင်းချမှုရှိစေရန်အတွက် ပြည်တွင်း၌ ထုတ်လုပ်သော ကုန်စည်များ၊ ပြည်ပမှတင်သွင်းသောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်ကိုဘေးအန္တရာယ်ရှိမရှိစောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ် အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိမရှိစောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးရန်သို့မဟုတ်အသုံးပြုရန် သင့်မသင့်နှင့်ဘေးအန္တရာယ်ရှိမရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုရှိမရှိနှင့် သက်ဆိုင်ရာဌာနများ၏သတ်မှတ်ထောက်ခံချက်များ ပါဝင်ခြင်းရှိမရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)