တစ်ခါသုံးတစ်ရှူး (Tissue) Wipe Product ထုတ်လုပ်သူနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ၊ ရခိုင် ပြည်နယ်၊ စစ်တွေခရိုင်၊  ခရိုင်ဦးစီးမှူး  ဦးမောင်လှဝင်းနှင့် ဝန်ထမ်းများသည် (၁၅-၇-၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀)နာရိအချိန်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက် ၊ အကွက် (၁၆)ရှိ ဦးနေမင်းအောင်ဇော် ပါ (၇)ဦး ပိုင်ဆိုင်သော LUCKY 7” အမှတ်တံဆိပ်ဖြင့် တစ်ခါသုံးတစ်ရှူး (Tissue) Wipe Product  ထုတ်လုပ်ဖြန့်ချီရောင်းချသည့် စက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးသူကာကွယ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ မိမိတို့ထုတ်လုပ်သည့် တစ်ခါသုံးတစ်ရှူး (Tissue) များမှာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သန့်ရှင်းမှုရှိစေရေး၊ တစ်ရှူးများတွင် အမှုန့်အမွှား၊ သံတိုသံစများ ပါဝင်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၁)၊ ပုဒ်မ(၂၃) ပြဌာန်းချက် ပါ ကုန်စည်များမှာ စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊  အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်းနှင့်  ပတ်သက်၍ ထုတ်လုပ်သူများအနေဖြင့်  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်မှုရှိစေရန် အလေးထားဆောင်ရွက်သင့်ကြောင်း ချပြဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လည်း စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ၊ အခန်း(၁၈) ၊ ပုဒ်မ(၄၁) ပြဌာန်းဖော်ပြချက်ပါအချက်များ ပြည့်စုံစွာဖော်ပြစေရေး အသိပညာပေးဆောင်ရွက်ပြီး တစ်ရှူးအကြမ်းမှ တစ်ရှူးအချော အဆင့်ထိ ထုတ်လုပ်နိုင်အောင် ‌စုပေါင်းကြိုးစားဆောင်ရွက်သင့်ပါကြောင်း အားပေးချီးမြှင့် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)