စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

Powered by Drupal

         ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လွိုင်လင်မြို့၊ ရပ်ကွက် (၂)ရှိ အခြေခံပညာအထက်တန်းကျောင်း(၂)သို့ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ကျောင်းသားဦးရေ (၁၇၀) တက်ရောက်ခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)တွင် ဖော်ပြထားသော စားသုံးသူ၏အခွင့်အရေး နှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်နေသောကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ကျောင်းဈေးတန်းတာဝန်ရှိ ဆရာမများအား ကျောင်းဝန်းအတွင်း ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသောမုန့်များ ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များအား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)