လားရှိုးမြို့ပေါ်ရှိ တည်ငြိမ်နေသော ဘိလပ်မြေဈေးကွက်

Powered by Drupal

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ယခုဇူလိုင်လအတွင်း ဘိလပ်မြေဈေးနှုန်း ဈေးကွက်မှာ တည်ငြိမ်လျက်ရှိနေပါကြောင်း သိရှိရပါသည်။ ယနေ့(၂၀.၇.၂၀၂၂)ရက်နေ့တွင် ဘိလပ်မြေအမှတ်တံဆိပ် AAA(၁)အိတ်လျှင် (၇၆၀၀)ကျပ်၊ Crown(၁)အိတ်လျှင် (၇၃၀၀)ကျပ်နှင့် Alpha(၁)အိတ်လျှင် (၇၃၀၀)ကျပ်အသီးသီးရှိကြပြီး ၎င်းအမှတ်တံဆိပ်တို့မှာ ဈေးကွက်အတွင်းလူသုံးများပြီး ဈေးနှုန်း တည်ငြိမ်လျက်ရှိပါကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)