စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကဏ္ဍ Talk Show  ကျင်းပပြုလုပ်

Powered by Drupal

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရုံးမှ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကဏ္ဍအား စားသုံးသူ ပြည်သူများ သိရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံး၌ (၁၅.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် Talk Show  အစီအစဉ်ပြုလုပ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ Talk Show  တွင် မြို့နယ်တာဝန်ခံ ဦးပေါင်လန်ခန့်မှ အခန်း(၁၁)ပါ ပုဒ်မ(၂၂)နှင့် ပုဒ်မ(၂၃)အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အချက်အလက် အကြောင်းအရာများအား ထည့်သွင်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)