ဒေသထွက်ဆန်ဈေးနှုန်း အနည်းငယ်မြှင့်တက်လျက်ရှိ

Powered by Drupal

           ကယားပြည်နယ်တွင် ဆန်စပါးကို အဓိက စိုက်ပျိုးကြပြီး စိုက်ပျိုးထွက်ရှိသော စပါးကို ဒေသတွင်း ကြိတ်ခွဲကာ ပြည်နယ်တွင်း စားသုံးမှု အပြင်အခြားဒေသဖြစ်သည့် မန္တလေးသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း၊ အခြားဒေသမှလည်း ယခုဇူလိုင်လအတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဒေသထွက်ဆန် ဈေးနှုန်းမှာ ရွှေရင်အေး(၁) တစ်အိတ်လျှင် (၄၈၀၀၀)ကျပ်၊ ရွှေ ရင်အေး(၂)တစ်အိတ်လျှင် (၄၄၀၀၀)ကျပ်၊ တရုတ်မွှေးတစ်အိတ်လျှင် (၃၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင် ဇွန်လတွင် ဒေသထွက်ဆန် ရွှေရင်အေး တစ်အိတ်လျှင် ကျပ် (၄၆၀၀၀)၊ ရွှေရင်အေး( ၂ )တစ်အိတ်လျှင် (၄၁၀၀၀)ကျပ်၊ တရုတ်မွှေးတစ်အိတ်လျှင် (၃၆၀၀၀) ကျပ် ဈေးရှိခဲ့ပြီး ယခင် ဇွန်လနှင့် ယခုဇူလိုင်လနှိုင်းယှဉ်လျှင် ဒေသထွက်ဆန် ရွှေရင်အေး(၁) တစ်အိတ်လျှင် (၂၀၀၀) ကျပ် ၊ ရွှေရင်အေး(၂) တစ်အိတ်လျှင်(၃၀၀၀)ကျပ်၊ တရုတ်မွှေး တစ်အိတ်လျှင် (၃၅၀၀)ကျပ် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ဈေးနှုန်းမြှင့်တက်ရခြင်းမှာ အခြားဒေသမှ ဆန်ဝင် ရောက်မှုလျော့နည်းခြင်း၊ ဒေသထွက်ဆန်ကို ပိုမိုအားထားစားသုံးလာ၍ ဈေးကွက်အတွင်း ဝယ်လိုအားအနည်းငယ်မြှင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေသဝဏ် ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(ကယား)