
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ဇွန်လ(၆)ရက်နေ့ နံနက်(၈:၃၀) နာရီ အချိန်တွင် ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာရှိ အခြေခံပညာအထက်တန်း(မေရီလန်း)ကျောင်း မုန့် ဈေးတန်းတွင်ရောင်းချသော မုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊မှိုတက် ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့် စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ ခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)