မကွေးတိုင်းဒေသကြီး၊ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

            ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန မကွေး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် တာဝန်ရှိသူတို့သည် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရေနံချောင်းမြို့နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။

            အဆိုပါတွေ့ဆုံပွဲတွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူ(၁၁)ဦး၊ ကုန်သည် စက်မှုလက်မှု လုပ်ငန်းရှင်များ (၃၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ဒေသအလိုက်ကုန်စည်ဒိုင်အသင်းအဖွဲ့များ  ရေရှည်တည်တံ့ခိုင်မြဲပြီး ဒေသဖွံ့ဖြိုးတိုးတက်တိုးတက်အောင် ဆောင်ရွက်ရေး၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများ  အသင်းအားပြန်လည်ဖွဲ့စည်းရာတွင်ဒေသစုံ၊ကဏ္ဍစုံမှ ကုန်သည်/လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့ကိုအကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။

           ဆက်လက်၍ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွား ရေးရာဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန မကွေးခရိုင်၊ ပခုက္ကူခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဆိပ်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌လည်း ဆိပ်ဖြူမြို့နယ်နှင့် ချောက်မြို့နယ်ရှိ ကုန်သည် စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး၊ ကျေးလက်နေ တောင်သူများလူမှုဘဝမြင့်မားတိုးတက်စေရေး၊ ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် မိမိတို့အရပ်ဒေသတွင် ကျစ်လစ်ခိုင်မာသည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းဖော်ဆောင် နိုင်ပြီး တိုင်းဒေသကြီးအဆင့် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် ထိုသို့ဖွဲ့စည်းရာတွင် တိုင်းဒေသကြီးအဆင့်တွင် အဖွဲ့ဝင်များပါဝင်နိုင်ရေး သက်ဆိုင်ရာ မြို့နယ် ကုန်စည်ဒိုင်များက သင့်တော်သည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအားရွေးချယ်၍ ကိုယ်စားလှယ်စာရင်းများကို တိုင်းဒေသကြီးသို့ ပေးပို့ဆောင်ရွက်နိုင်ရေး လမ်းညွှန်ဆွေးနွေးပြောကြားခဲ့ပါသည်။ 

             ထို့နောက် တက်ရောက်လာကြသည့် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များမှ ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့  ဌာနဆိုင်ရာတာဝန်ရှိသူ(၂၀)ဦးနှင့်ချောက်၊ ဆိပ်ဖြူမြို့နယ်တို့မှ ကုန်သည် လုပ်ငန်းရှင် (၄၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)