သရက်မြို့နယ် ပဲတီစိမ်းနှင့် ပဲကြီးဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

            သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း သီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၄၆၀၀ဝိ/-) ရှိခဲ့ရာမှ ယခုတတိယပတ်တွင် ပဲတီစိမ်းများ ဆက်လက်ထွက်ပေါ် လျက်ရှိရာ တစ်တင်းလျှင် (၄၇၅၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

            ပဲကြီးဈေးနှုန်းမှာလည်း ဇူလိုင်လ ဒုတိယပတ်တွင် တစ်တင်းလျှင် (၆၇၀၀ဝိ/-) ဖြစ်ပြီး တတိယပတ်တွင် တစ်တင်းလျှင် (၆၈၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ကျပ် ဈေးမြင့်ကာ အောင်လံမြို့ရှိ ဝယ်လက်သမားများမှ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် အိတ်ရေ(၃၅၀-၄၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)