
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် (၆.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင်ပါဝင်ရမည့် အမှတ်အသားများ၊ မြန်မာဘာသာဖြင့် ထည့်သွင်း ဖော်ပြရမည့်အချက်အလက်များပါရှိသော ကုန်စည်များ ရောင်းချစေရေးအတွက် ဆိပ်ဖြူမြို့ အနောက်ပိုင်း ရပ်ကွက်ရှိ “ဖိုးကျော်” စတိုးဆိုင်သို့ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် သောက်ရေသန့်၊ အချိုရည်နှင့် မုန့်မျိုးစုံရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံသော သောက်ရေသန့်၊ အချိုရည်နှင့် မုန့်မျိုးစုံရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ၂၀၁၉ အခန်း(၁၈)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိစေရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြထားရှိသော ကုန်စည်များ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော သောက်ရေသန့်၊ အချိုရည်နှင့် မုန့်မျိုးစုံအား ဈေးကွက်အတွင်း ရောင်းချခြင်းမရှိရန်၊ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးပြော ကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)