မကွေးတိုင်းဒေသကြီးအတွင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်

Powered by Drupal

            မကွေးတိုင်းဒေသကြီးအတွင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည် ဖွဲ့စည်းနိုင်ရေးအတွက် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ မကွေးခရိုင်ဦးစီးမှူး၊ ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာအစည်းအဝေးခန်းမတွင် ပခုက္ကူခရိုင် ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြကြောင်းသိရှိရပါသည်။

            အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ဒေသအလိုက် ကုန်စည်ဒိုင်အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ ကျေးလက်နေတောင်သူများ လူမှုဘဝမြင့်မားတိုးတက်လာစေရေး၊ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ မကွေးတိုင်းဒေသကြီး ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှာ သက်တမ်းကုန်ဆုံးပြီဖြစ်၍ ပြန်လည် ဖွဲ့စည်းရာတွင်ဒေသစုံ၊ ကဏ္ဍစုံမှ ကုန်သည်စက်မှုလုပ်ငန်းရှင်များ စုံညီစွာ ပါဝင်ဖွဲ့စည်းနိုင်ရေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။

            ထို့တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း(၁၀)ဦး၊ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ စုစုပေါင်း (၄၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)