မကွေးကုန်စည်ဒိုင်၌ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက်ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

Powered by Drupal

            မကွေးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဦးလင်းကိုကိုဖြိုး(ရုံးအကူ)တို့သည် (၂၁.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် မကွေးကုန်စည်ဒိုင်၌ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက်ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

ကွင်းဆင်းလေ့လာမေးမြန်းမှုအရ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက် ကောက်ပဲသီးနှံများကို  ဇူလိုင်လ(၂၁)ရက်နေ့မှ စတင်၍ ရောင်းဝယ်ဖောက်ကားဝယ်ယူနိုင်ကြောင်း၊ ယခင်က တောင်သူတစ်ဦး ကုန်ပစ္စည်းရောင်းမည်ဆိုလျှင် ပွဲရုံသို့သွား၍ စျေးစုံစမ်းပြီးမှ ရောင်းချရကြောင်း၊ အချိန်ကုန်၊ လူပင်ပန်းပြီး ယခုအခါ ကုန်စည်ဒိုင်တွင် စုဝေးရောင်းချနိုင်ပြီဖြစ်သဖြင့် စျေးနှုန်း၊ အလေးချိန် စိတ်ချလာရပြီဖြစ်ကြောင်း၊ ကုန်စည်ဒိုင်တွင် စျေးကွက်ပေါက်စျေးများအား လေ့လာနိုင်ကြောင်း၊ စံကတ္တားများဖြင့် မှန်ကန်သောစနစ်နှင့် ရေရှည်တည်တံ့အောင် ထိန်းကျောင်းပေးလျက်ရှိကြောင်း မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖိုးနီ၏ ပြောကြားချက်အရ သိရှိရပါသည်။

          ကုန်စည်ဒိုင်၌ ကုန်သည်များသည် ကောက်ပဲသီးနှံပစ္စည်းများကို စျေးနှုန်းအိတ်၊ ပစ္စည်းပမာဏ အရေအတွက်များကို နမူနာများဖြင့် ခင်းကျင်းပြသထားပါသည်။ ယနေ့အရောင်း အဝယ်ဖြစ်သော သီးနှံမှာ နှမ်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်သော နှမ်းမျိုးများမှာ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းဒေသတို့မှ ထွက်ရှိသည့် ရေသွင်းနှမ်းမျိုးများဖြစ်ပါသည်။

          မကွေးကုန်စည်ဒိုင်၌ နှမ်းစျေးနှုန်းများမှာ နှမ်းဖြူ(၁)တင်းလျှင် (၇၀၀၅ဝိ/-)၊ နှမ်းနက်(ရိုးရိုး) (၁)တင်းလျှင် (၅၈၃၅ဝိ/-)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင်(၇၃၃၅ဝိ/-)၊ နှမ်းညိုကြား(၁)တင်းလျှင် (၆၁၆၅ဝိ/-) နှမ်းနီ(၁)တင်းလျှင် (၆၁၆၅ဝိ/-)စျေးနှုန်းများရှိကြောင်း သိရပါသည်။ နှမ်းများကို ဝယ်ယူရာတွင် အက်စစ်ဓာတ်တိုင်းတာခြင်းနှင့် အစိုဓာတ်များရှိ/ မရှိ ကြည့်ရှု၍ဝယ်ယူကြောင်း သိရပါသည်။ ယနေ့ အရောင်းအဝယ်ပွဲကို ပွဲစားကုန်သည် လူဦးရေ(၁၅၀)ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)