သာစည်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ( ၂၀ ) ရက်နေ့  နံနက် (၁၀း၃၀) အချိန်တွင် သာစည်မြို့နယ်၊ မြို့မဈေးသို့သွားရောက်လေ့လာ၍ ဈေးဆိုင်များအတွင်း ရောင်းချလျက်ရှိသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

           သာစည်မြို့နယ်၊ မြို့မဈေးအတွင်း သွားရောက်စစ်ဆေးရာတွင် သာစည်မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး (ဒု-ကြီးကြပ်ရေးမှူး)ဦးဆောင်သောအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းရှိဈေးဆိုင်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်စည်များကို ရောင်းချခြင်းရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးရန် အသိပေး‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)