
မြိတ်ခရိုင်တွင် အခြေခံစားသောက်ကုန်များရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့တွင် မြိတ်မြို့၊ ပါရမီရပ်၊ ပေ(၆၀) လမ်းမကြီးပေါ်ရှိ ဓမ္မာရုံရှေ့တွင် ပြည်သူများသက်သာသောစျေးနှုန်းဖြင့်ဝယ်ယူနိုင်ရေး အခြေခံစား သောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ငရုတ်၊ ချဉ်ပေါင်ရွက်၊ မန်ကျည်းမှဲ့နှင့် ဆားတို့အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခြေခံစားကုန်များရောင်းချရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့အပြင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)