စားအုန်းဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့်ဖြန့်ဖြူးခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှတက်‌ရောက်

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်သော စားအုန်းဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆွေးနွေးခြင်း၊ စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ညွှန်ကြားရေး မှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား (၁၆း၁၅)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)