မြင်းခြံမြို့ရှိသီတာဦးကုန်စုံဆိုင်သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်ဇော်ထွေး၊ ဒုခရိုင်ဦးစီးမှူး ဦးဆောင်၍ စစ်ဆေးရေးအရာရှိများက (၉.၆.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ သီတာဦးကုန်စုံဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

         အဆိုပါ ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ကြောင်း၊ ကုန်စည်များကို မြန်မာဘာသာနှင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်ဝသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)