ပဲခူးခရိုင်အတွင်း အမိုနီယမ်နိုက်ထရိတ်များ တရားမဝင်တင်သွင်းမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

Powered by Drupal

               ပဲခူးခရိုင် ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ၊  အတွင်းရေးမှူး စားသုံးသူ‌ရေးရာ ဦးစီးဌာန ၊ ပဲခူးခရိုင်ဦးစီးမှူး ဦးစိုးမိုးသည် ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁၅ ရက်နေ့ တွင် ပဲခူးခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ ၊ အဖွဲ့ဝင်ဌာနဆိုင်ရာ များဖြစ်‌သော ပဲခူးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိ သူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ စားသုံးသူရေးရာဦးစီးဌာန ပဲခူးခရိုင်ဦးစီးမှူးရုံး၊ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် ၊ စားသုံးသူရေးရာဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်းတို့နှင့်အတူ ပဲခူးခရိုင်အတွင်း အမိုနီယမ်နိုက်ထရိတ်များ တရားမဝင်တင်သွင်းမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းနှင့်  သံသယရှိ မော်တော်ယာဉ်များအား စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ ပါသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် အမိုနီယမ်နိုက်ထရိတ်များအား ဓါတ်မြေသြဇာများနှင့် ရောနှော သယ်ဆောင်မှု၊ အိတ်သွပ်သယ်ဆောင်မှုများ မရှိစေရေးအတွက် စိုက်ပျိုးရေး ဓါတ်မြေဩဇာ အရောင်းဆိုင်များကိုသာမက ဓါတ်မြေဩဇာသိုလှောင်သည့် ဂိုဒေါင်များ၊ ဓါတ်မြေဩဇာ သယ်ဆောင်သည့် သံသယဖြစ်ဖွယ် မော်တော်ယာဉ်များကိုပါ စစ်ဆေးခဲ့ပြီး တရားမဝင် အမိုနီယမ် နိုက်ထရိတ်များ တင်သွင်းသိုလှောင်ထားမှု မရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)