ဖြူးမြို့ အထက(၂)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တိုင်းရင်းဆေး ပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဖြူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရေးအတွက် ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် စားသုံးသူအခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူ ရေးရာဦးစီးဌာနက ဖွင့်လှစ်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC တွင် တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်ဝယ်ယူရာတွင် ကုန်အညွှန်း အမှတ် အသားများ ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပတ္တိ များကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက ကျောင်းသားကျောင်းသူ လူငယ်များ၏ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့်ပတ်သက်သည့် နေထိုင်စားသောက်ရမည့် အချက်များကို လည်းကောင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၃၅၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)