ကံမမြို့၌ တရားမဝင်ဆင်းကတ်များရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၀.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သော မြို့နယ် တရားမဝင်ဆင်းကတ်များရောင်းချမှု စစ်ဆေးရေးအဖွဲ့သည်  ဈေးကွက် အတွင်း ရောင်းချလျက် ရှိသော ဆင်းကတ်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များ စနစ်တကျ မှတ်ပုံတင်ရောင်းချနိုင်ရန်နှင့် တရားမဝင် ဆင်းကတ်ရောင်းချမှုများ ရှိ/မရှိ ကံမမြို့ပေါ် အမှတ် (၃)ရပ်ကွက် ဖုန်းဆိုင်(ဆင်းကတ်)အရောင်းဆိုင် (၄)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အရောင်းဆိုင်များမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဦးစီးဌာန၏ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ် များ အား စနစ်တကျ မှတ်ပုံတင်ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆင်းကတ်များ ရောင်းချရာတွင် ဆင်းကတ်များ စနစ်တကျ မှတ်ပုံတင် ပြုလုပ်ပြီးမှ ရောင်းချစေရေးနှင့် တရားမဝင် ဆင်းကတ်များရောင်းချမှုရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဦးစီးဌာန၏ ဆက်သွယ်ရေး ဥပဒေပုဒ်မအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ကံမမြို့နယ် တာဝန်ခံမှ ဌာန၏ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ အာမခံချက်ပေးခြင်း များအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)