ဘီးလင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၁၂.၆.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) အချိန်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်ဆိုင်များတွင် စက်သုံးဆီများကို သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ စက်သုံးဆီအရောင်ဆိုင်များကို ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် Royal စက်သုံးဆီဆိုင်၊ ပြည့်ဝ စက်သုံးဆီဆိုင်များသို့သွားရောက်၍ စက်သုံးဆီစျေးနှုန်း မြင့်မားမှုမရှိစေရေး၊ တရားမဝင်နေရာများသို့ မရောက်ရှိစေရေး၊ ရည်ညွှန်းပါစျေးနှုန်းများအတိုင်း ရောင်းချ‌စေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)