
၁၂.၆.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Online သင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးမင်းခိုင်စိုးမှ ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား/သူများက အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)