“မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များမှာ မိုးစပါးအဟောင်းများသာ ကြိတ်ခွဲနေ”

Powered by Drupal

               မိတ္ထီလာခရိုင်အတွင်း ရာသီဥတုအခြေအနေကြောင့် နွေးစပါးစိုက်ပျိုးမှုမရှိဘဲ မိုးစပါးကိုသာ စိုက်ပျိုးသော်လည်း ဆန်စက်များအနေဖြင့် တစ်နှစ်ပတ်လုံး ကြိတ်ခွဲနိုင်ကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း နှစ်စဉ်မိုးစပါး ဧက (၅) သောင်းကျော် စိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များမှာ နဝလီ (အငှား) ကြိတ်ခွဲသည့် ဆန်စက်နည်းကြောင်း သိရသည်။ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်အများစုမှာ ၎င်းတို့ ကြိတ်ခွဲရန်လိုအပ်သောစပါးကို ဝယ်ယူစုဆောင်းထားလေ့ရှိရာ ယခုအခါစပါးပေါက်စျေးအနေဖြင့် မိုးစပါးအဟောင်းတွင် မနောသုခမှာ တင် း(၁၀၀) လျှင် (၁၀) သိန်းကျပ်၊ ပဒေသာမှာ (၁၃) သိန်းကျပ်ရှိကြောင်းနှင့် ဆန်းစျေးမှာ မိုးဆန်အဟောင်းာ မနောသုခ တစ်အိတ်လျှင် (၃၆၀၀၀ )နှင့် ပဒေသာတစ်အိတ်လျှင် (၄၅၀၀၀မှ ၄၆၀၀၀) ရရှိကြောင်း သိရသည်။

DOCA(မန္တလေး)