
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဉီးစီးမှူးသည် (၁၃.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ပြည်တွင်းအခွန်ဉီးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ အမှတ်(၂၉၁) စိန်ပန်းမြိုင်လမ်း၊ အမှတ်(၇)ရပ်ကွက်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ထာဝရသံချောင်းရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာစေလိုကြောင်းတို့ကို ကွင်းဆင်းကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)