မင်္ဂလာဒုံမြို့နယ်တွင် တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း

Powered by Drupal

    (၁၄.၆.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ကျေးရွာအုပ်စု၊ လှော်ကားရေဝေရေလဲဒေသ၌ တတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်းအင်အား(၁၅၀၀)ခန့် တက်ရောက်ခဲ့ပါသည်။

   အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးစိုးသိန်းက အဖွင့်အမှာ စကားပြော ကြားပြီး တက်ရောက်လာသည့်ဧည့်သည်တော်များမှ မြေဧရိယာ(၃၅)ဧက၊ မြေပေါ်တွင် ပျဉ်းကတိုး (၄၃၀၀)ပင်၊ ကျွန်း(၉၀၀၀)ပင်၊ မဟော်ဂနီ(၅၀၀၀)ပင်၊ သရက်(၂၅၀)ပင်၊ ပိန္နဲပင်(၂၅၀)ပင်၊ ဒူးရင်း (၂၀၀)ပင်၊ စုစုပေါင်း(၁၉၀၀၀)ပင် စိုက်ပျိုးခဲ့ကြပါသည်။ သစ်ပင်စိုက်ပျိုးမှုအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လှည့်လည်ကြည့်ရှုခဲ့ပြီး အခမ်းအနားကို နံနက်(၈:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)